Map not available
Outdoor
အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် တစ်နှစ်လျှင် ရာသီအလိုက် ပန်းမျိုးစေ့ပေါင်း ၇၀၀,၀၀၀ ခန့်ကို စိုက်ပျိုး၍ ပန်းပင်ပျိုးပင်များ ထုတ်လုပ်ပေးလျက်ရှိပြီး အဓိကပျိုးခင်းကြီး ၂ ခုဖြင့် တစ်နှစ်ပတ်လုံး ထုတ်လုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် မြိုပြစိမ်းလန်းစိုပြည်ရေးနှင့် အလှအပကို အထောက်အကူပြုရန် ဒေသခံအဖွဲ့အစည်းများထံသို့ ပန်းပင်များနှင့် သစ်တောသစ်ပင်များကိုလည်း ဖြန့်ဝေပေးလျက်ရှိပါသည်။
တစ်နှစ်လျှင် ရာသီအလိုက် ပန်းမျိုးစေ့ပေါင်း ၇၀၀,၀၀၀ ခန့်ကို စိုက်ပျိုး၍ ပန်းပင်များ ထုတ်လုပ်ပေးလျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး ပန်းပင်ပျိုးပင်များ ထုတ်လုပ်ပေးနိုင်ရန် အဓိကပျိုးခင်းကြီး ၂ ခုကိုလည်း ဖွင့်လှစ်ထားရှိပါသည်။
ထို့အပြင် ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် သစ်တောသစ်ပင်ပျိုးခင်းတစ်ခုကိုလည်း တည်ထောင်ထားရှိပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သည် မြို့၏ အလှအပနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် ဒေသခံအဖွဲ့အစည်းများထံသို့ ပန်းပင်များနှင့် သစ်တောသစ်ပင်များကိုလည်း ဖြန့်ဝေပေးလျက်ရှိပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်