Map not available
Outdoor
ဤသစ်ခွဥယျာဉ်တွင် မြန်မာနိုင်ငံ၏ တောရိုင်းသစ်ခွမျိုးစိတ်ပေါင်း ၂၀၀ ကျော်ကို စုဆောင်းထိန်းသိမ်းထားပြီး မျိုးရင်းဝင်နှင့် CITES စာရင်းဝင် သစ်ခွမျိုးစိတ်များလည်း ပါဝင်ပါသည်။ ထို့အပြင် သစ်ခွပန်းချစ်သူများအတွက် အရောင်အသွေးစုံလင်လှပသော စပ်မျိုးသစ်ခွများကိုလည်း စိုက်ပျိုးပြသထားပါသည်။
ဤသစ်ခွဥယျာဉ်တွင် မြန်မာနိုင်ငံ၏ တောရိုင်းသစ်ခွမျိုးစိတ်ပေါင်း ၂၀၀ ကျော်ကို စုစည်းထိန်းသိမ်းထားပြီး မြန်မာနိုင်ငံ၏ သစ်ခွမျိုးစိတ်များ၏ ကြွယ်ဝစုံလင်မှုကို လေ့လာတွေ့ရှိနိုင်ပါသည်။
ထိုသစ်ခွမျိုးစိတ်များအနက် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ်သစ်ခွများနှင့် CITES စာရင်းဝင်သစ်ခွမျိုးစိတ်များလည်း ပါဝင်ပါသည်။ ဤသစ်ခွဥယျာဉ်သည် အဆိုပါ တန်ဖိုးရှိသစ်ခွမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်၍ ပြသပေးလျက်ရှိပါသည်။
ထို့အပြင် သစ်ခွပန်းချစ်သူများအတွက် အရောင်အသွေးစုံလင်လှပသော စပ်မျိုးသစ်ခွမျိုးစိတ်များကိုလည်း စိုက်ပျိုးပြသထားပြီး ဧည့်သည်များအနေဖြင့် သစ်ခွပန်းများ၏ အလှအပနှင့် မျိုးစိတ်ကွဲပြားစုံလင်မှုကို ခံစားလေ့လာနိုင်ပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်