Map not available
Outdoor
ထင်းရှူးတောသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းရှိ သဘာဝရှုခင်းအလှများထဲမှ တစ်ခုဖြစ်ပြီး ထင်းရှူးပင်များဝန်းရံထားသော အေးချမ်းသည့် ပတ်ဝန်းကျင်နှင့် တောင်ပေါ်ဒေသ၏ အေးမြသော ရာသီဥတုကို ခံစားနိုင်ပါသည်။
ထင်းရှူးတော (Pinus insularis Endl.) သည် တောင်မြို့ (Hill City) ကို ကိုယ်စားပြုသည့် ထူးခြားလှပသော နေရာတစ်ခုဖြစ်ပြီး ဥယျာဉ်အတွင်းရှိ အထူးစိတ်ဝင်စားဖွယ် နေရာတစ်ခုလည်း ဖြစ်ပါသည်။ သဘာဝအလှအပများ ဝန်းရံထားသည့် ဤနေရာသည် ပြင်ဦးလွင်မြို့၏ ထူးခြားသော သဘာဝအလှကို ခံစားနိုင်သည့် နေရာတစ်ခု ဖြစ်ပါသည်။
သဘာဝအလှအပများကြားတွင် ချစ်ခင်ရသူများနှင့်အတူ ပျော်ပွဲစားထွက်ခြင်း၊ အေးအေးဆေးဆေး အနားယူအပန်းဖြေခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ခံစားလိုသူများအတွက် အထူးသင့်တော်သော နေရာတစ်ခုဖြစ်ပါသည်။ အေးမြသာယာသော ပတ်ဝန်းကျင်ကြောင့် စိတ်အပန်းဖြေအနားယူရန်လည်း သင့်တော်ပါသည်။
ထို့အပြင် ဘဝ၏အရေးကြီးသော အခမ်းအနားများနှင့် အမှတ်တရဖြစ်စေမည့် ပွဲများကို ကျင်းပပြုလုပ်ရန်အတွက်လည်း လှပသော နေရာတစ်ခု ဖြစ်ပါသည်။ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခမ်းအနားများကိုလည်း ကျင်းပနိုင်ပြီး အထူးအခါသမယများကို ပိုမိုအမှတ်တရဖြစ်စေမည့် နေရာတစ်ခု ဖြစ်ပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်