အမျိုးသားကန်တော်ကြီးဥယျာဉ်

အမျိုးသားကန်တော်ကြီးဥယျာဉ်

သဘာဝအလှတရား • ရုက္ခဗေဒအမွေအနှစ် • ဗဟုသုတရှာဖွေမှု
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

ဖွင့်လှစ်မည့်အချိန်: 8 am - 5 pm
နေရာ

Map not available

လည်ပတ်ရန် ကြာချိန်

တည်နေရာ အမျိုးအစား

Outdoor

ငှက်လှောင်အိမ်

ငှက်လှောင်အိမ်အတွင်းသို့ ဧည့်သည်များ ဝင်ရောက်၍ ဥယျာဉ်အတွင်း သဘာဝဆန်သော ပတ်ဝန်းကျင်၌ ငှက်များကို အနီးကပ် လေ့လာကြည့်ရှုနိုင်ပါသည်။

သိကောင်းစရာ အဖြာဖြာ

ငှက်ဥယျာဉ်အတွင်းတွင် ရေငှက်များနှင့် တောငှက်များ မျိုးစိတ်ပေါင်း ၄၀ ခန့် ကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး ငှက်ချစ်သူများ မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခု ဖြစ်ပါသည်။ ငှက်ဥယျာဉ်အတွင်းရှိ သစ်သားတံတားလမ်းတစ်လျှောက် လမ်းလျှောက်၍ ငှက်မျိုးစိတ်များကို အနီးကပ် လေ့လာကြည့်ရှုနိုင်ပါသည်။

ထို့အပြင် ဤငှက်ဥယျာဉ်သည် ငှက်များအတွက် သစ်ပင်များသည် အရေးကြီးသော နေထိုင်ရာနှင့် လုံခြုံရာနေရာများ ဖြစ်ကြောင်း အသိပညာပေးနိုင်ရန် အထောက်အကူပြုပါသည်။ ထို့အပြင် ဇီဝမျိုးစုံမျိုးကွဲများ (Biodiversity) ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် သက်ဆိုင်ရာ သဘာဝဂေဟစနစ် (Ecosystem) များ၏ အရေးပါမှုကို ပိုမိုနားလည်သဘောပေါက်စေရန်လည်း အထောက်အကူပြုပါသည်။

လည်ပတ်သူများအတွက် အကြံပြုချက်

  • တောင်ပေါ်ဒေသ၏ လတ်ဆတ်သော နံနက်ခင်းလေထုကို ရှူရှိုက်နိုင်ရန်၊ တောငှက်များ၏ လှုပ်ရှားမှုကို လေ့လာနိုင်ရန်နှင့် အလှဓာတ်ပုံကောင်းများ ရရှိနိုင်ရန် နံနက်စောစောအချိန်များတွင် လာရောက်လည်ပတ်ရန် အကြံပြုလိုပါသည်။
  • သတိပေးဆိုင်းဘုတ်များ၊ သတ်မှတ်ထားသော လမ်းလျှောက်လမ်းများနှင့် ဝန်ထမ်းများ၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ပေးပါ။
  • သစ်ပင်ပန်းမန်များနှင့် ငှက်/တိရစ္ဆာန်များကို အေးချမ်းစွာ ကြည့်ရှုခံစားပါ၊ ပန်းများကို ခူးဆွတ်ခြင်း မပြုရသည့်အပြင် ခွင့်ပြုချက်မရှိဘဲ ငှက်များနှင့် ငန်းများကို အစာကျွေးခြင်း မပြုရ။

ခရီးစဉ်ကို အခုပဲ စတင်ရေးဆွဲလိုက်ပါ

အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။

လည်ပတ်မည်
စိတ်ဝင်စားဖွယ်နေရာများ ထပ်မံကြည့်ရှုရန်