အမျိုးသားကန်တော်ကြီးဥယျာဉ်

အမျိုးသားကန်တော်ကြီးဥယျာဉ်

သဘာဝအလှတရား • ရုက္ခဗေဒအမွေအနှစ် • ဗဟုသုတရှာဖွေမှု
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

လိုက်နာရန်နှင့် မပြုလုပ်ရန်

လိုက်နာရန်နှင့် မပြုလုပ်ရန်အချက်များ

လူကြီးမင်းတို့ လာရောက်လည်ပတ်စဉ်အတွင်း တိရစ္ဆာန်များ၊ လာရောက်လည်ပတ်သူများနှင့် ဝန်ထမ်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကြည်နူးဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပေးပါ။

သဘာဝသတ္တဝါများကို စောင့်ရှောက်ပါ

ဥယျာဉ်အတွင်းရှိ ငှက်များ၊ ငန်းများနှင့် သဘာဝသတ္တဝါများကို ချစ်ခင်စောင့်ရှောက်ပါ။

သစ်ပင်ပန်းမန်များကို ထိန်းသိမ်းပါ

သစ်ပင်များ၊ ပန်းခင်းများကို မခူးဆွတ်၊ မဖျက်ဆီးဘဲ အေးချမ်းစွာ လေ့လာကြည့်ရှုပါ။

အမှိုက်များအား အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ

ဥယျာဉ်သန့်ရှင်းရေးအတွက် အမှိုက်များကို အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ပါ။

ဘေးကင်းသော အကွာအဝေးမှ ကြည့်ရှုပါ

ရေပျော်ငှက်များနှင့် ငှက်လှောင်အိမ်အတွင်းရှိ ငှက်များကို သတ်မှတ်ကြည့်ရှုရန် လျှောက်လမ်းများမှသာ ကြည့်ရှုပါ။

အိမ်မွေးတိရစ္ဆာန်များ ယူဆောင်ခွင့်မပြုပါ

ဥယျာဉ်အတွင်းရှိ ငှက်/တိရစ္ဆာန်များ၏ ဘေးကင်းရေးနှင့် သန့်ရှင်းရေးအတွက် အိမ်မွေးတိရစ္ဆာန်များ ယူဆောင်ခွင့် မပြုပါ။

အသံချဲ့စက်နှင့် Sound Box များ ယူဆောင်လာခြင်း မပြုရ

ဥယျာဉ်အတွင်း အသံချဲ့စက်များနှင့် sound box များ ယူဆောင်လာခြင်း မပြုရ။

သတ္တဝါများကို နှောက်ယှက်ခြင်း မပြုရ

ငှက်များနှင့် တိရစ္ဆာန်များကို စိစောက်ခြင်း၊ လိုက်လံခြောက်လှန့်ခြင်း သို့မဟုတ် နှောက်ယှက်ခြင်း မပြုရပါ။

တိရစ္ဆာန်များအား မလွှတ်ရ

တိရစ္ဆာန်များကို မိမိအလိုအလျောက် လွှတ်ပေးခြင်း မပြုလုပ်ရ။

ငါးဖမ်းခြင်း၊ ရေကူးခြင်းများ မပြုလုပ်ရ

ဥယျာဉ်အတွင်း ငါးဖမ်းခြင်းနှင့် ရေကူးခြင်းများ မပြုလုပ်ရ။

ဥယျာဉ်အတွင်း မီးမွှေးခြင်း မပြုလုပ်ရ

ဥယျာဉ်အတွင်း မီးမွှေးခြင်းများ မပြုလုပ်ရ။

လက်နက်များ ယူဆောင်ခွင့် မပြု

ဓား၊ သေနတ်၊ လက်နက်ခဲယမ်း စသည့် လက်နက်များကို ဥယျာဉ်အတွင်း ယူဆောင်ခွင့် မပြုပါ။