အမျိုးသားကန်တော်ကြီးဥယျာဉ်

အမျိုးသားကန်တော်ကြီးဥယျာဉ်

သဘာဝအလှတရား • ရုက္ခဗေဒအမွေအနှစ် • ဗဟုသုတရှာဖွေမှု
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အစီအစဉ်များ

သုတေသန အစီအစဉ်များ

တိရစ္ဆာန်ဥယျာဉ်နှင့် ဥယျာဉ်များဌာနခွဲ၊ ပညာရေးဌာနနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) တို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာရပ်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ရည်ရွယ်၍ သင်တန်းသား/စေတနာ့ဝန်ထမ်း အစီအစဉ်များ၊ သုတေသန အစီအစဉ်များ အစရှိသည့် ပညာပေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံနှင့် စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် (၃) လကြာ စေတနာ့ဝန်ထမ်း (Volunteer) အစီအစဉ်နှင့် သင်တန်းသား (Internship) အစီအစဉ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းကာလ အပြည့်အဝ တက်ရောက်အောင်မြင်သူများအား သက်ဆိုင်ရာ သင်တန်းဆင်းဂုဏ်ပြုလွှာ (Completion Certificate) များကို စနစ်တကျ ထုတ်ပေးအပ်သွားမည် ဖြစ်ပါသည်။

ထို့ပြင် ပညာရေးဌာနအနေဖြင့် ရုက္ခဗေဒနှင့် ပိုးမွှားဗေဒဆိုင်ရာ သုတေသနပြုလိုသူများအတွက် လိုအပ်သော အချက်အလက်များနှင့် ကူညီပံ့ပိုးမှုများကို မပျက်မကွက် ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ သုတေသီများ သုတေသနလုပ်ငန်းစဉ်များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်အလက်များကို မှန်ကန်စွာ ရရှိနိုင်ရန် ဦးတည်ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်တွင်း/ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို တိုးမြှင့်ဖြန့်ဝေနိုင်မည်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်လိုပါသလား။ သင်၏နေရာကို ကြိုတင်ရယူပြီး ကျွန်ုပ်တို့၏ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပညာပေးလုပ်ငန်းစဉ်များတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိုက်ပါ။