တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးကို ပိုမိုသိရှိနားလည်စေရန်နှင့် ဗဟုသုတများစွာ ရရှိစေမည့် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များစွာကို လေ့လာလိုက်ပါ။
တိရစ္ဆာန်ဥယျာဉ်နှင့် ဥယျာဉ်များဌာနခွဲ၊ ပညာရေးဌာနနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) တို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာရပ်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ရည်ရွယ်၍ သင်တန်းသား/စေတနာ့ဝန်ထမ်း အစီအစဉ်များ၊ သုတေသန အစီအစဉ်များ အစရှိသည့် ပညာပေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားကန်တော်ကြီးဥယျာဥ် (ပြင်ဦးလွင်) သည် လူမှုအကျိုးပြု လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မိဘမဲ့ကျောင်းများ၊ မျက်မမြင်ကျောင်းများနှင့် အကူအညီလိုအပ်သော ကလေးထိန်းကျောင်းများမှ လာရောက်သူများအား အခမဲ့ ဝင်ရောက်ခွင့် ပြုထားသည့်အပြင် တက္ကသိုလ်၊ ကျောင်းများနှင့် အသင်းအဖွဲ့ အသီးသီးမှ လာရောက်လေ့လာသူများအတွက် အထူးသက်သာသော ဝင်ကြေးနှုန်းထားများဖြင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။